၁။ ပုရေဘတ္တကိစ္စ- ဆွမ်းမခံမီ လူတို့ကို တရားဟောတော်မူ၏။
၂။ ပစ္ဆာဘတ္တကိစ္စ- ဆွမ်းစားပြီးနောက် နေ့လယ်ပိုင်းတွင် ရဟန်း၊ ရှင်၊ လူတို့ကို တရားဟောတော်မူ၏။
၃။ ပုရိမယာမကိစ္စ- ညဥ့်ဦးယာမ်တွင် ရဟန်းတို့အား တရားဟော၍ အမေးပုစ္ဆာကို ဖြေကြားတော်မူ၏။
၎။ မဇ္ဈိမယာမကိစ္စ- သန်းခေါင်ယာမ်တွင် နတ်၊ ဗြဟ္မာတို့အား တရားဟောတော်မူ၏။
၅။ ပစ္ဆိမယာမကိစ္စ- မိုးသောက်ယာမ်တွင် အချိန်သုံးပိုင်းထား၍ ပထမပိုင်း စကြံ်သွား၊ ဒုတိယပိုင်းကျိန်းစက်၊ တတိယပိုင်း၌ ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်ရှုတော်မူ၏။(သီလက္ခန်၊ နှာ-၄၆)
နေ့ကိုကားလူ၊ ညမူရှေ့ယာမ်၊ သမဏံတည့်၊ လယ်ယာမ်ရှေ့နတ်၊ ဖလတ်လျောင်းနောက်၊ နောက်ယာမ်ရောက်က၊ များမြောက်ဝေနေ၊ ကြည့်ရှုလေ၊ ပရမေကိစ္စငါး။ (လယ်တီဆရာတော်၏ကဗျာ)
No comments:
Post a Comment