Pages

Saturday, December 3, 2011

ဆရာများနေ့ ဂုဏ်ပြုလွှာ

အောက်တိုဘာ ရက်(၅)
ဆရာများနေ့ ဂုဏ်ယူတွေးလို့
စာတိုတစ်ပုဒ် ကျွန်ရွေးထုတ်သည် တစ်စိတ်တစ်ဒေ ကျေပါစေ။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရနှ်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ၀တ်ငါးဖြာ။
ဆရာသမားများသည် သူတို့၏ ကျင့်ဝတ်အတိုင်း တပည့်သားသမီးများအပေါ် တာဝန်ကျေပွန်စွာ ကျင့်ကြံအားထုတ် သူ့အလုပ်သူလုပ်သွားကြပေသည်။ အနည်းငယ်ချဲ့ရသော် မိမိတို့၏ တပည့်သားသမီးများကို မိမိသိထားတတ်ထားသော ပညာဟူသမျှ အကုန်အစင် သင်ကြားပေးလေသည်။ လိမ္မာပြီးသော မလိမ္မာသေးသော လိမ္မာဆဲသော တပည့်သားသမီးများအပေါ် လိမ္မာယဉ်ကျေးပြူငှာအောင် ဆုံးမပေးလေသည်။ ဆရာသမားများသည် မိမိတို့ တတ်ထားသော ပညာမှန်သ၍ မည်သည့် ပညာမှ ချန်လှပ်ထားခြင်းမရှိပဲ ကိုယ့်တပည့်သည် ကိုယ့်ထက် ထက်သောဓါးကဲ့သို့ သွေးပေးသော ဆရာများဖြစ်ကြပေသည်။ မိမိ၏တပည့်သားသမီးများအပေါ်၌လည်း ကျရောက်မည့် ဘေးအန္တရာယ်များကိုလည်း မကျရောက်ရလေအောင်၊ တပည့်များက ပြုလုပ်မည့် ဘေးအန္တရာယ်များကိုလည်း မပြုလုပ်မိအောင် တားဆီးပိတ်ပင်ပြီး ဆုံးမကြလေသည်။ မိမိတို့ထံ၌ ပညာသင်ဆည်းပူးနေကြသော တပည့်များသည် ပညာရည်ပြည့်ဝပြီး ဆက်လက်သင်ကြားနိုင်ရန် တစ်ဖန်ပြန်ပြီး သူတို့၏ အာရုံ၌ ထည့်သွင်းကြရလေသည်။ အသို့လည်းဟူမူကား မိမိထက် သာစေလိုသော သမ္မာဆန္ဒက ပြင်းပြနေသောကြောင့် မိမိထက် သာသော တော်သော တတ်သော ပညာရည်ပြည့်ဝသော ဆရာကောင်း၊ သမားကောင်းများထံ ထပ်မံ၍ အပ်နှံကြလေသည်။ ဤနေရာဝယ် တစ်ခုလောက်တင်ပြပါရစေ။ အဘယ်နည်းဟူမူးကား-တပည့်ကောင်းမဖြစ်တဲ့သူဟာ ခေါင်းဆောင်းလည်း မည်သည့်နည်းနှင့်မျှ ဆရာကောင်းမဖြစ်နိုင်ပေ..ဟူသော စကားအရ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာဖြစ်ပါမူကား ၄င်း၏ တပည့်များကို မိမိကဲ့သို့ အရည်အချင်းတွင်မကပဲ ထို့ထက် တိုးတက်စေသော လမ်းကြောင်းပေါ်သို့ တင်ပေးကြမည်မှာ ဧကန်မလွဲပေ။မည်သို့ပင်ဆိုစေ။ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာသမားများသည်ပင် မိမိ၏တပည့်သားသမီးများကို တပည့်ကောင်းဖြစ်ပြီး နောင်တစ်ချိန်မှာ ဆရာကောင်းတွေဖြစ်ပြီး နိုင်ငံသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြသော မိခင်များဟုပင် တင်စားလိုက်ချင်သည်။ထိုသို့မွေးထုတ်ပေးကြသော ပုဂ္ဂိုလ်များကို အသိမှတ်ပြုသောအားဖြင့် အောက်တိုဘာလ လေးရက်နေ့ကို ဆရာများအား ဂုဏ်ပြုလျှက် "ဆရာများနေ့" ဟု သတ်မှတ်ထားခဲ့လေပြီ။ ဆရာများနေ့ ၌ ဆရာများကို ကျေးဇူးဆပ်သောအားဖြင့် ဤမျှတတ်သိနားလည်သော စာသားလေးများဖြင့် ဆရာများကို ကျေးဇူးဆပ်ပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ဦးညွှတ်ဂါရ၀ပြုလျှက်။
ရွှေဘိုသီလာ

အေးချမ်းရာရည်မှန်း

တစ်နှစ်ကယ်ကုန်
ခန္ဓာပုံဘယ်ဖြစ်တယ်
တွေးမိခိုက်စုံ။
တရားနဲ့ခြုံ
မလုံပေါင် ခန္ဓာကြီးရယ်က
ယိုစီးအပုပ်တွေနှင့်
ကိုယ်တည်းစက်ဆုပ်ရွံရှာဖွယ်
အနှစ်တကယ် ဘယ်မှာမရှိတာကြောင့်
သံသရာဝယ် ခန္ဓာလွတ်ရအောင်
တရားဘာဝနာရှာကြံသွင်းကြတယ်
                                                           နိဗ္ဗာန်ရည်မှန်း။

မယုံနဲ့

မေတ္တာတွေက လမ်းလျှောက်နေခိုက်
သစ္စာတွေက ပန်းကောက်နေလေရဲ့
ကရုဏာကို လေနှင်လိုက်တော့
မုဒိတာတရားက ပြန်လှည့်ကြည့်ချိန်တွေ
နောက်ကျခဲ့တယ်
နောက်ဆုံးတော့ 
ဥပေက္ခာကသာ 
ဘ၀တွေကို ဦးဆောင်စေခဲ့တယ်။ ။
ဖြစ်တတ်တဲ့သဘောပေါ့...

ရင်လှိုက်မော

တစ်ဖြည်းတစ်ဖြည်း
မီးစာတွေကုန်
ဆီခမ်းချိန်ကို စောင့်ရင်း
နောင်စမည့်ဘ၀ကို
ရင်လှိုက်မောစွာ
စောင့်မျှော်နေရင်း
လက်ရှိရသောအချိန်ကို ဤတရားဓမ္မကုသိုလ်ဖြင့် နောင်ဘ၀၏ ကောင်းကျိုးဆိုးကျိုးကို 
တည်ဆောက်ရင်း
တစ်နေ့တစ်နေ့
ခန္ဓာရှိသ၍
စွမ်းနိုင်သလောက်ကုသိုလ်ယူလျှက်
ရွှေဘိုသီလာ

စကားအရာအင်္ဂါများနှင့် စကားကြီးဆယ်ခွန်း

စကားအရာအင်္ဂါ (၁၀) ပါး

၁။ကာလ၀ါဒီ- ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုခြင်း။
၃။ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုခြင်း။
၎။အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။
၅။ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း။
၆။မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း။
၇။မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း။
၈။အတုရိတ၀ါဒီ-အဆောတလျင် မပြောဆိုခြင်း။
၉။ပေါရီ-ပြည်ကြီးသူ ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ပြောဆိုခြင်း။
၁၀။ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ခြင်း။

  • စကားကြီး (၁၀)ခွန်း

၁။ရေကူးညာတင်-လိုသည်ထက် ပို၍ပြောသောစကား။
၂။ကောက်ပင်ရိတ်လှီး-တခွန်းတည်းနှင့်အပိုင်ပြောသည့်စကား။
၃ရေစီးဖောင်ဆန်-စကားပြောရာ၌ လက်ဝင်ပင်ပန်းပြောသောစကား။
၎။အိုးတန်ဆန်ခပ်-တဖက်လူနှင့်တန်သလောက်ပြောသောစကား။
၅။ဆီပွတ်ကျသည်ပွေ့-တဖြေးဖြေး ကိုယ့်ဖက်ပါအောင် ပတ်ချွဲ နပ်ချွဲပြောသောစကား။
၆။ဆင်ဝှေ့ရန်ရှောင်-ထမင်းရေပူလာ လျှာလွှဲတာဝန်ရှောင်သောစကား။
၇။တောင်သူယာခုတ်-အခြေခံကို ပထမပြော၍ လိုရာကို နောက်မှပြောသောစကား။
၈။ကြက်ဆုတ်ခွပ်ပစ်-မိမိအသားစီးရသည့်အခါ အပိုင်ပြောသောနည်း။
၉။ရေစစ်ကရား-စကားအကုန်ပြောနည်း။
၁၀။ခက်တင်မောင်းနင်း-မတင်မကျစကား။

ကိုယ့်ကိုယ်ကို ချစ်ကြရင်

လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေမှာ နစ်မွန်းနေရင် ချစ်ရာ မရောက်ပါဘူး။ ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူတွေဟာ တကယ်တော့ လောဘ၊ဒေါသ၊မောဟတွေ အင်မတန်ဖုံးလွှမ်းပြီး နေကြပါတယ်။ တစ်နေ့တာရဲ့ကုန်ဆုံးချိန်ဟာ လောဘ၊ဒေါသ၊ မောဟ တစ်မျိုးမျိုးနဲ့ ကုန်ဆုံးနေကြတယ်။ တကယ် သနားစရာကောင်းသော သတ္တ၀ါတွေပါပဲ။ မိမိတို့ရဲ့ လောဘ၊ ဒေါသ၊မောဟ တွေကို တစ်နေ့မှာ အနည်းငယ်စီလျှော့ချသွားပြီး လုပ်ကိုင်စားသောက် လှုပ်ရှားကြမယ်ဆိုရင် တစ်ဘ၀သာ ကျေနပ်စရာမဟုတ်ပဲ တစ်သံသရာသာ စိတ်ချဖို့ဖြစ်သွားကြပါလိမ့်မယ်။

တန်ဆောင်မုန်းလပြည့်နေ့

ယနေ့သည် ၁၃၇၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် သမားတော်ကြီး ဇီဝက၏ သရက်ဥယျာဉ်တွင် ရဟန်းတော်
အပေါင်းနှင့် သီတင်းသုံးတော်မူစဉ် အဇာတသတ်မင်း လျှောက်ထားတောင်းပန်မှုကို အကြောင်းပြု၍
သာမညဖလ (ရဟန်းပြုခြင်းအကျိုး) ဒေသနာတော်ကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်
နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
တန်ဆောင်မုန်းလသည် ဗြိစ္ဆာရာသီကာလဖြစ်၍ လမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင်
ထွန်းပကာ တာရာမှာ ကျီးတာရာဖြစ်သည်။ ရာသီပန်းသည် ခဝဲပန်းဖြစ်သည်။ ပုဂံခေတ်က တန်ဆောင်မုန်းကို
]]တန်ဆောင်မှုန်}}ဟု ရေးသားပြီး အင်းဝခေတ်တွင် ]]တန်ဆောင်မုန်း}}ဟု ပြောင်းလဲရေးသားခဲ့ကြသည်။
အချို့က ]]တန်ဆောင်မှုန်း}}ဟုလည်း ရေးသားကြသည်။
ရှေးခေတ်မြန်မာတို့သည် တန်ဆောင်တိုင်ကို အလင်းရောင်ယူဆောင်သောတိုင်ဟု အဓိပ္ပာယ်သတ်မှတ်၍
နတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ဆီမီး၊ မီးပုံးပျံနှင့် မီးရှူးမီးပန်းများ ချိတ်ဆွဲကာ အံ့မခန်းပူဇော်ကြသည်။
ကထိန်ဟူသည် ]]ကထိန}}ဟူသော ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ]]မြဲမြံခိုင်ခံ့ခြင်း}}ဟု
အဓိပ္ပာယ်ရသည်။ ]]ကထိန}}ဟု ခေါ်ရခြင်းမှာ အာနိသင်အကျိုးငါးပါး တစ်ပြိုင်နက်ရစေခြင်း၊ ဘုရား
အစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်ခြင်း၊ ကထိန်ခင်း၍ အာနိသင်ရသော ရဟန်းတော်တို့မှာ
ကထိန်ခင်းသောနေ့မှ ငါးလခန့် အကျိုးတရားငါးပါး မြဲမြံစွာရခြင်းတို့ကြောင့်ဖြစ်သည်။ ကထိန်သင်္ကန်းသည်
တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ကြိမ်သာပြုရသည့် ထူးခြားသော ကာလဒါနဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များသည် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် မသိုးသင်္ကန်းများ ကပ်လှူရန်
အတွက် ရက်လုပ်ပူဇော်ပွဲများကို ကျင်းပလေ့ရှိပြီး နေ့ရက်မကူး တစ်ရက်တည်းအပြီး ရက်လုပ်လှူဒါန်းရသော
သင်္ကန်းဖြစ်၍ မသိုးသင်္ကန်းဟု ခေါ်ဝေါ်ကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်ရှောက်သည့် နတ်အပေါင်းတို့ မဲဇလီပင်
စောင့်နတ်ထံသို့ လာရောက်စုဝေးသဖြင့် မဲဇလီရွက်၊ မဲဇလီဖူးတို့သည် ကိုးဆယ့်ခြောက်ပါးသောရောဂါကို
ပျောက်ကင်းစေသည့် စွမ်းပကားကြောင့် ဆေးပေါင်းခသည်ဟု ဆိုကြသည်။
သို့ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်များသည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ကထိန်သင်္ကန်း
ကပ်လှူခြင်း၊ သာမညဖလသုတ်တရားတော်ကို နာကြားခြင်း၊ ဆီမီးပူဇော်ခြင်း စသည့် ကောင်းမှုကုသိုလ်
အစုစုတို့ကိုပြု၍ မေတ္တာဘာဝနာများ ပွားများကြရန်ဖြစ်ပါကြောင်း နှိုးဆော်ရေးသားလိုက်ရပါ
သည်။ ။(အယ်ဒီတာအာဘော်မှ)